မိတ္ထီလာမြို့နယ်  ညောင်ပင်သာကျေးရွာတွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်

မိတ္ထီလာ   ဇန်နဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ညောင်ပင်သာကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လတာကာလ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှု တိုးတက်လာစေရန် ရည်ရွယ်၍ ကျေးရွာတစ်ရွာ လျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း(၁၀၀) ထောက်ပံ့ပေးပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသားများ ဦးဆောင်၍ ကျေးရွာ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ကျေးရွာ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ခြောက်လတာကာလ၌  အိမ်ထောင်စု ၉၄ စု ၊ လူဦးရေ ၄၅၆ ဦး ရှိသည့် မုန်တိုင်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတွင် ကျေးရွာ၏ လိုအပ်ချက်ဖြင့်သော ကျေးရွာတွင်းလမ်းအဆင့်မြှင့်တင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်၍ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ သိန်း(၁၀၀)နှင့် ကျေးရွာသူကျေးရွာသားများ၏ ထည့်ဝင်ငွေ ၃.၈၇ သန်းတို့ဖြင့်  အရှည် ပေ ၆၀၀ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)