ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲ မြို့နယ်၊ကျောက်ဖြူတောင်ကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေးနှိုးဆော်မှု လုပ်ငန်းကို ယမန်နေ့နံနက်(၉)က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီးအရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ နှိုးဆော်ချက်များတွင် အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုကြရန်၊ အရာဝတ္ထု ပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျ ဆပ်ပြာဖြင့် ဆေးကြောရန်၊မျက်စိ၊နှာ ခေါင်း၊ပါးစပ် တို့ကို လက်ဖြင့်ထိ တွေ့ခြင်းမှ ရှောင်ကြဥ်ကြရန်၊ အပြင်သွားပါက နှာခေါင်းစည်းများ တပ်ဆင်ရန်၊ ကျန်းမာရေး ဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက် များအတိုင်းလိုက်နာ ဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယဝင်ပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ် တောက်စေရန်အတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အချက်များကို ကျေးရွာအတွင်း လှည့်လည်၍ Hand Speaker ဖြင့်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း(ပြန်ဆက်)