ပန်းတနော် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီက အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)နှင့် (ဒုတိယအကြိမ်) လာရောက် ထိုးနှံကြသည့် ပြည်သူများအား ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ နာမည်စာရင်း အချက်အလက်များ ပြုစုခြင်း၊ သွေးပေါင်ချိန် ပေးခြင်းများစစ်ဆေးပြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံရသေးသော မိဘပြည်သူများအား ကာကွယ်ဆေးလာရောက်ထိုးနှံကြရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်( ပြန်/ ဆက်)