ရမည်းသင်းမြို့နယ်၌ ငါးသယံဇာတမပြုန်းတီးရေးငါးမျိုးစိတ်ကောင်ရေတစ်သိန်းစိုက်ထည့်
Jan 12,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနနှင့်မြစ်သားမြို့နယ် ကူးမဲငါးလုပ်ငန်စခန်းတို့ ပူးပေါင်း၍ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ် ငါးသားပေါက်ငါးမျိုးစိတ် ကောင်ရေ တစ်သိန်း စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက အိုင်ဘုတ်ကျေးရွာအနီး သစ်ဆုံရေလှောင်တမံ၌ ကျင်းပခဲ့ကြောင်း သိရသည်။