လဲချား ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများ က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးမှ နိုင်ငံသား စိစစ်ရေးကတ်ပြားကိုင်ဆောင်သူ လိုက်နာရမည့်အချက်များကို အသေးစိတ်ရှင်းလင်း ပြောကြားကာ အသက် (၁၀) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ကျောင်းသား (၃၄)ဦး၊ ကျောင်းသူ (၅၂) ဦး စုစုပေါင်း (၈၆) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)