ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်မှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသူများ၏ ရင်တွင်းစကားသံများ

ခရမ်း  ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင်များ၊ အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများ၊ အစိုးရ၊ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများ၊ လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကို နေစဉ်ထိုးနှံပေးလျက်ရှိပါတယ်။

ကာကွယ်ဆေးထိုးနှံပေးတဲ့နေရာမှာ အဓိကလုပ်ဆောင်နေတဲ့ ထွေ/အုပ်ဌာနနှင့် ကျန်းမာရေး ဝန်ထမ်းတွေ၊ ကာကွယ်ဆေးထိုးနှံပေးတဲ့ နေရာတွေမှာ ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီဆောင်ရွက် နေကြတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ဆေးလာရောက် ထိုးနှံကြတဲ့ အဘိုးအဘွားတွေ့ရဲ့ ရင်ထဲက ပီတိစကားသံလေးတွေကို တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

မေး။  ဒီလိုဆေးထိုးခွင့်ရတဲ့အတွက် အဒေါ်ကြီးရဲ့ခံစားချက်လေးကို  ပြောပြပေးပါလားခင်ဗျ။

ဒေါ်အေးမြင့်(၆၈)နှစ်

ညောင်ကုန်းကျေးရွာ၊ ခရမ်းမြို့

ဖြေ။  အဲ့ရောဂါကြီးဖြစ်မှာကြောက်လို့ပါ။ ဒီဆေးထိုးထားရင် ဖြစ်ခဲ့ရင်တောင် ရောဂါမပြင်းထန် ဘူး၊ ဆေးရုံတတ်ရတဲ့အဆင့် မရောက်ဘူးလို့ ကြားသိရလို့ပါ ကွယ်။ ဒီရောဂါကြီးနဲ့ မသေချင် သေးဘူး၊ အဲ့ဒါကြောင့် ထိုးချင်နေတာ ဆန္ဒပြည့်သွားပြီ။ ဆောင်ရွက်ပေးတဲ့သူတွေကို ကျေးဇူး တင်ပါတယ်ကွယ်။

ဦး အောင်မြင့် (ဘိုကလေး ကျေးရွာ)

(၆၉)နှစ် ခရမ်းမြို့နယ်

မေး။ မင်္ဂလာပါ။ ဦးလေး အနေနဲ့ အခုကာကွယ်ဆေးထိုးပြီးပြီ ဆိုတော့ ဘယ်လိုခံစားရလဲ။ နောက်ပြီး ဒီကိုဗစ်-၁၉ ကာကွယ်ဆေးအပေါ် ဘယ်လောက်ထိ ယုံကြည်မှုရှိပါသလဲပြောပြ ပေးပါလားရှင်။

ဖြေ။ တီဗွီမှာ သူများမြို့တွေထိုးနေပြီကြားထဲက ထိုးချင်နေတာ။ ကိုယ့်မြို့မှာထိုးဖို့လည်း ကြေညာတော့ ပျော်သွားတယ်။ ဒီရောဂါ ဖြစ်လာခဲ့ရင် အနိုင်ယူ နိုင်တော့မယ်ပေါ့။ ဆေးအပေါ် အပြည့်အဝ ယုံကြည်တယ် တီဗွီမှာ ကျန်းမာရေးကဏ္ဍာမှာလည်း ပါတယ်လေ။ ကာကွယ်ဆေးနဲ့ ပက်သတ်ပြီး။ ဒီနေ့ ဒီမှာဆေး လာထိုးသူတွေလည်း အများကြီးဘဲ။ ဦးလေးတို့လည်း ကိုယ့် အလှည့် ရောက်ဖို့တောင် စောင့်ရတယ်။ ဦးလေးအသိတွေထဲမှာလည်း တချို့က မထိုးရဲကြ သူတွေရှိတယ်။ ဒီနေ့အ‌မြင်ကို့ သူတို့ကို ဖုန်းဆက်ပြီးပြောပြရင်း ဆေးလာထိုးဖို့ တိုက်တွန်းရမယ်။

မေး။  ကာကွယ်ဆေးမထိုးခင်နဲ့ ထိုးပြီးခံစားချက် လေးကို ပြောပြပေးပါလားဗျ။

ဖြေ။ မထိုးခင်ကတော့ နည်းနည်းကြောက်သလိုပဲ။ အခုထိုးပြီးတဲ့အခါ ကိုယ့်ကိုယ့် အားရှိသွား သလို ခံစားမိသွားတယ်၊ ဆေးထိုးလိုက်ရလို့ စိတ်ချမ်းသာပြီး ပျော်ရွှင်မိပါတယ်။

တွေ့ဆုံမေးမြန်း- ဦးမင်းကို ဓာတ်ပုံ - ကိုမင်း(ခရမ်း)