နောင်တရား ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အမှတ်(၂) ရပ်ကွက်အတွင်း၌ ရှမ်းဘာသာဖြင့် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက် သည်။
နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရှမ်းဘာသာဖြင့် အိုမီခရွန်ဗီဇ ပြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကို အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးနှင့် ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးခြင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ သံသယရောဂါ လက္ခဏာရှိသူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ချက်ချင်း သတင်း ပေးပို့ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ထိုးနှံကြရန် ရှမ်းဘာသာ စကားဖြင့် ဆောင်ရွက်သည်။ နောင်တရားမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ လျော့နည်း၍ ရောဂါပိုးကူးစက်မှု ထပ်မံမဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)