ကျောက်ဆည်မြို့နယ်တွင် ပြည်သူ (၁၇၉) ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ ပြုလုပ်ပေး

ကျောက်ဆည် ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေ စာရင်းမရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အခမဲ့ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက သံရွာကျေးရွာနှင့် ရဲဘော်ကြီးကျေးရွာများမှ ပြည်သူ (၁၇၉) ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် သံရွာကျေးရွာ၌ အသက်(၁၀)နှစ်မှ (၁၆) နှစ်အတွင်းရှိ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၁၀)ဦး၊ အသက်(၁၆)နှစ်မှ(၁၈)အတွင်းရှိ အမျိုးသား (၂၈) ဦး၊ အမျိုးသမီး(၂၂)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၂၂)ဦး၊အမျိုးသမီး(၂၅)ဦး၊ ရဲဘော်ကြီး ကျေးရွာ၌ အသက်(၁၀)နှစ်မှ (၁၆) နှစ်အတွင်းရှိ အမျိုးသား(၄)ဦး၊ အသက်(၁၆)နှစ်မှ(၁၈)အတွင်းရှိ အမျိုးသား (၁၂)ဦး၊ အမျိုးသမီး(၇)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၂၀)ဦး၊အမျိုးသမီး(၁၈)ဦး၊ စုစုပေါင်း(၁၇၉)ဦးအား နို်ငငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ပြုလုပ်ပေးခဲ့ပြီး အမျိုးသား(၉)ဦး၊ အမျိုးသမီး (၁၆) ဦး ပါဝင်သည့် အိမ်ထောင်စု လူဦးရေစာရင်းများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရှိရ သည်။

ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသား စိစစ်ရေးကတ်မရှိသူများနှင့် အိမ်ထောင်စုစာရင်းမရှိသူများအား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အခမဲ့ပြုလုပ်ပေးလျက်ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)