ကွန်ဟိန်း ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှါးရမ်းခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁:၃၀)နာရီ အချိန်ခန့်က အမှတ်(၄)ရပ်ကွက်သို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှု့နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ် စာအုပ်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ ဆောင်ရွက်ခြင်းတွင် သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထု စာအုပ်များအား ငှါးရမ်းပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ပြည့်(ကွန်ဟိန်း)