ဟင်္သာတ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများအပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ပြည်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ အပြင်သို့သွားတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန်၊ အရေးကြီးကိစ္စမရှိလျှင် တခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုကြရန်၊ အရာဝတ္တုများ ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ တတ်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာ ခံစားရလျှင် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာ ကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှု ခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရန် မိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ပေးကြပါရန် စသည့် အသိပညာပေးနှိုးဆော်မှုများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဇော်