ရမည်းသင်းမြို့နယ်၌ ငါးသယံဇာတမပြုန်းတီးရေးငါးမျိုးစိတ်ကောင်ရေတစ်သိန်းစိုက်ထည့်

ရမည်းသင်း     ဇန်နဝါရီ    ၁၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနနှင့်မြစ်သားမြို့နယ် ကူးမဲငါးလုပ်ငန်စခန်းတို့ ပူးပေါင်း၍ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ် ငါးသားပေါက်ငါးမျိုးစိတ် ကောင်ရေ တစ်သိန်း စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက အိုင်ဘုတ်ကျေးရွာအနီး သစ်ဆုံရေလှောင်တမံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြစ်သားမြို့နယ် ကူးမဲငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစောအောင်ကိုလတ်နှင့် ဝန်ထမ်းများ၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်သိန်းနှင့် ဝန်ထမ်းများ တစ်ပျော်တစ်ပါးငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။

ရမည်းသင်းမြို့နယ်အတွင်း ငါးသယံဇာတမပြုန်းတီးရေး၊ ငါးရိက္ခာ ဖူလုံစေရေးနှင့် ငါးစားသုံးမှု မြင့်မားလာစေရေးအတွက် ငါးကျင်းမျက်စံနီငါးသားပေါက်ကောင်ရေ တစ်သိန်းကို စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်