သတင်းများ

သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်
Jan 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေး အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း များကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် သောကြာဒူးအုပ်စု ကရင်စုကျေးရွာတွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်း (၁/၂၀၂၂)ဖွင့်လှစ် ပို့ချ
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ ကရင်စုကျေးရွာ မဟာအတုလတန် ဆောင်းကျောင်းတိုက်တွင်ယနေ့နံနက် (၈)နာရီခွဲအချိန်က အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း (၁/၂၀၂၂)ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Jan 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိ ပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး(၁၀၄၇၈၇)ဦး ထိုးနှံပေးပြီးဖြစ်
Jan 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဇန်ဝါရီ(၁၁)ရက်နေ့အထိ (၁၀၄၇၈၇) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် အသက် ၁၈ နှစ် အထက်ရှိသူများ၊ မသန်စွမ်းသူများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Jan 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင် ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက် ရောဂါ မဟုတ်သည့် နာတာရှည်ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ယမန်နေ့က မြို့ချောင်းကျေးရွာဓမ္မရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 12,2022
ပြည်နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအချင်းချင်း အချိတ်အဆက်မိမိဖြင့် ပိုမိုထိရောက်လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် 
Jan 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများ ဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခဲ့ကြ သည်။ 
လှိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်
Jan 12,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့နံနက် ၉:၀၀အချိန်က လှိုင်မြို့နယ် ၁၆ရပ်ကွက် အင်းစိန်လမ်းမပေါ်ရှိ ပါသာဒိကာရုံ ကျောင်းတိုက်တွင် ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။