စစ်ဘေးရှောင် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး
Jan 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း စစ်ဘေးရှောင် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းအဖြစ် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့၌ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းထွန်းလှိုင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ယာယီစစ်ရှောင်စခန်း များအထိ ကွင်းဆင်းကာ ဝန်ဆောင်မှုများ ပေးခဲ့သည်။