ဒက္ခိဏခရိုင်ရုံးလူထူအခြေပြုဗဟိုဌာနCommunity Centreတွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှုများ ဆောင်ရွက်
Dec 19,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထူအခြေပြုဗဟိုဌာန(Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်(အကြို) ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှု Physical Fitness Dance သရုပ်ပြခြင်းအား Onlineမှတင်ဆက်ရန်အတွက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အလယ် တန်းကျောင်း သမီးငယ်လေးများက Physical Fitness Dance သရုပ်ပြကပြခြင်းကို ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့သည်။