သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသော မသန်စွမ်းသူဦးရေ (၆၂၂) ဦးအား ဆန်နှင့် ငွေသားထောက်ပံ့နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက် (၀၉:၃၀)အချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသော မသန်စွမ်းသူဦးရေ (၆၂၂)ဦးအား ဆန်နှင့်ငွေသား ထောက်ပံ့နိုင်ရေးတို့အတွက် မြို့နယ်မသန်စွမ်းသူများဆိုင်ရာ ကော်မတီနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့မှ ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက်၁၈နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိပြီး၊ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများအား ယနေ့ နံနက် ၉ နာရီမှစ၍ ခနောင်တို အရှေ့ရပ်ကွက်ရှိ မြို့သစ်(၂)ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covishield ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
မိုင်းပန်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး ဆက်လက်နှိုး
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း  ယနေ့ နံနက်(၉)နာရီ ၃၀ အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ Book Club စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Jan 21,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ကော့မှူးတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 21,2022
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာပြီး လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင် ရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက လူကုန်ကူးမှု တိုက်ဖျက်ရေးအသိ ပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ဆု ရရှိသူအားကစားသမားများ ဂုဏ်ပြုဆုချီးမြှင့်ပေး
Jan 21,2022
မွန်ပြည်နယ်မှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်  နိုင်ငံ့ဂုဏ်ဆောင်ဆု ရရှိခဲ့သည့် အားကစားသမားများအားပြည်နယ်အစိုးရအဖွဲ့မှဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကိုယနေ့နံနက်၁၀နာရီကမော်လမြိုင်မြို့ဖက်တန်းရပ်၊ပြည်နယ်ခန်းမတွင်ကျင်းပခဲ့ရာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  နိုင်ငံ့ဂုဏ်ဆောင်  ထူးချွန် အားကစားသမားများ တက်ရောက်ကြသည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စစ်တုရင်ပြိုင်ပွဲနှင့် ပူ‌ပေါင်းဖောက်ပြိုင်ပွဲကျင်းပ
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth club) အသင်းတို့ ပူးပေါင်း၍ စစ်တုရင်ပြိုင်ပွဲနှင့် ပူ‌ပေါင်း ဖောက်ပြိုင်ပွဲ လှုပ်ရှားမှုများကို ယမန်နေ့ ည‌နေ (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့တွင် ပင်စင်စား မိဘပြည်သူများအား ပင်စင်လစာငွေများထုတ်ပေး
Jan 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်စား မိဘပြည်သူများအား ပင်စင်လစာငွေများကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်စား မိဘပြည်သူများက သတ်မှတ် ထားသည့် ကာကွယ်ရေးစည်းကမ်းချက်များအတိုင်း စိတ်အေးချမ်းစွာ လာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။