မြစ်သား ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ် ပါဋိ ပထမပြန်စာမေးပွဲ မြစ်သားစာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူသော စာအောင်သံဃာတော် များနှင့် လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် စာအောင် ဆုချီးမြှင့်ခြင်းစူဠဘွဲ့နှင်းသဘင် အခမ်း အနားကို ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့မွန်းလွဲ(၂)နာရီက မင်းကုန်းကျောင်း ပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုပြီး စတင်ဖွင့်လှစ်ကာ မြစ်သားမြို့ မင်းကုန်းကျောင်းတိုက်၊ မြို့နယ်သြဝါဒစရိယ ဆရာတော်ကြီးဘဒ္ဒန္တပုည မဟာထေရ်ထံမှ သရဏဂုံနှင့် ငါးပါး သီလ ခံယူဆောက်တည်ကြပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဃောသိ တ (ဂန္တဝါစကပတ္တိတ) မထေရ်မှသြဝါဒကထာချီးမြှင့်မှုကိုခံယူခဲ့ကြကာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ဦးအေးခိုင်က သာသနာ ရေးဆိုင်ရာလျှောက်ထားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက် ၂၀၂၁ ခုနှစ် ပါဋိပထမပြန်စာမေးပွဲတွင် မြစ်သားမြို့ စာဖြေဌာန၌ ဖြေဆိုအောင်မြင် တော်မူသောစာအောင်သံဃာများနှင့် စာအောင်ပုဂ္ဂိုလ်များဖြစ်သည့် ပထမကြီးတန်း (၁) ပါး၊ ပထမလတ်တန်း (၁)ပါး၊ ပထမငယ်တန်း(၃)ပါး၊ မူလတန်း(၂)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦးတို့အား အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး မြို့နယ်သြဝါဒါစရိယ ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်း ချအမျှပေးဝေခဲ့ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဃောသိတ (ဂန္တဝါစ ကပဏ္ဏိတ)မထေရ်မှ နိဂုံးချုပ်သြဝါဒက ထာချီးမြှင့်ကာဗုဒ္ဓသာသနနံစိရံတိတု(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)