ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ပွင့်ဖြူ ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများအ‌နေဖြင့် ကိုဗစ်-၁၉ ရောဂါဗီဇမျိုးကွဲသစ်  အိုမီခရွန် (Omicron) ရောဂါပိုးကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင်အသိပညာပေးနှိုးဆော်ခြင်းကိုဇန်နဝါရီ၂၂ရက်နေ့မွန်းလွဲ၁း၀၀နာရီအချိန်က ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကပွင့်ဖြူမြို့ပေါ် အလယ်ပိုင်း ရပ်ကွက်သို့သွားရောက်ပြီး  Hand  Speaker ဖြင့်အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင်ယခုအချိန်တွင်ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းနေသော်လည်း၊ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန်ကူးစက်ပျံ့နှံ့မှုသည်ရက်ပိုင်းအတွင်းနိုင်ငံအရေအတွက်ပိုမိုများပြားလာခြင်း၊မြန်မာနိုင်ငံတွင်လည်းအိုမီခရွန်ရောဂါပိုး‌တွေ့ရှိသူများရှိနေပြီဖြစ်သဖြင့်ပြည်သူများအနေဖြင့်ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့်ကိုဗစ်၁၉ရောဂါကာကွယ်ရေးလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီတိကျစွာလိုက်နာဆောင်ရွက်ကြရန်၊အလုံပိတ်အခန်းများနှင့်လေဝင်လေထွက်မကောင်းသောအခန်းများသို့သွားရောက်ခြင်းမှအတတ်နိုင်ဆုံးရှောင်ရှားကြရန်နှင့်ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများကိုလည်းရပ်ကွက်အတွင်းရှိပြည်သူများအနေဖြင့်အကြိမ်ရေပြည့်အောင်မပျက်မကွက်ထိုးနှံပေးကြပါရန်စသည့်အသိပညာပေးလုပ်ငန်းများကိုလှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။

ခင်ဝါဝါလှိုင်