မိုးညှင်း ဇန်နဝါရီ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်စာရေးဆရာအသင်းနှင့် စာဖတ်ဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်များ ခင်းကျင်းပြသခြင်းကို ဇန်နဝါရီလ(၂၁)ရက် မွန်းလွဲ(၂)နာရီခွဲတွင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းမှ ဥက္ကဌဦးခင်မောင်ဦးက အိပ်မက်လှေကလောင်စုံစာအုပ်တွင်ပါဝင်သည့် စာရေးဆရာမ မေကရဏီရေးသားသည့် “တာဝန်ယူမှု၊ တာဝန်ခံမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ဝါသနာရှင်တစ်ဦးဖြစ်သည့် ဒေါ်အေးအေးလင်းက စာရေးဆရာမ မေသဲဖြူ(မြန်မာစာ) ရေးသားသည့် “အမြတ်တရား လေးပါး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်များ ခင်းကျင်းပြသရာတွင် ကျောင်းသား/သူများ၊ လူငယ်လူရွယ်များနှင့် စာဖတ်ဝါသနာရှင်းများအား အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ သုတရသ စာအုပ်ပေါင်း(၆၀)ကျော်ကို ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်