ဟိုပင်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Dec 20,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ Community Cantre ခန်းမ၌ ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည် မြှင့်မားပြီး စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ တီထွင်ကြံဆနိုင်စွမ်း ရှိစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။