သတင်းများ

ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Dec 19,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်သည့် ၂၀၂၁ - ၂၀၂၂ ခုနှစ် ၊ မိုးစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီး ကျေးရွာ တောင်သူ ဦးမျိုးညွန့်ဦး၏ ကွင်းအမှတ်(၉၁၀) ဧရာမင်းမျိုးစပါးစိုက်ခင်း တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန် ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တွေ့ဆုံဆွေးနွေး
Dec 19,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်သည် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရေး ထန်းတပင်မြို့နယ်တွင် အသိပညာပေး နှိုးဆော်ဆောင်ရွက်နေ
Dec 19,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများမရှိစေရေးနှင့် ရောဂါဖြစ်ပွားနေမှုများကို ကာကွယ်ထိန်းချုပ်နိုင် ရန်အတွက် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစုရပ်များအလိုက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို တာဝန်ရှိသူများ က ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြရေး အတွက် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုး ဆော်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
နောင်ချိုမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့်ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံ များအား နံရံကပ်စာစောင်ပြသဆောင်ရွက်
Dec 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများအား ယမန်နေ့မှစတင်၍ ပြသထားရှိရာ ပြည်သူများကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် တိုင်းရင်းဆေးပညာအသိပညာပေးဆွေးနွေးပွဲTalk Showပြုလုပ် ဆောင်ရွက်
Dec 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာအသိပညာပေး ဆွေးနွေးပွဲTalk Showကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ် ဆောင်ရွက်
Dec 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲTalk Showကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးပြန်လည်ကျန်းမာလာသူ တစ်ဦး၏ရင်တွင်းစကားသံ
Dec 19,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီး ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံကို ယခုလို ကြားသိခဲ့ရပါသည်။
မြိတ်မြို့တွင် ကျောင်းသား/သူများအား ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် အားကစားဆိုင်ရာ အသိပညာပေးဟောပြော သရုပ်ပြ
Dec 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ  ပေါ်ထွန်းလာစေရေး အတွက် ဒီဇင်ဘာ(၁၈)ရက် နေ့လယ်ပိုင်းက အထက(၈)တောရကျောင်းတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား/သူများအားအား ကစားဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး အားကစားနည်းများ သရုပ်ပြသခဲ့သည်။