သတင်းများ

မဘိမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် စာပေချစ်မြတ်နိုသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးယနေ့ထပ်မံတွေ့ရှိသူ (၃)ဦးရှိပြီး ယ​နေ့တွင် သေဆုံးသူမရှိ ၊ ယနေ့ထိ ဆေးရုံ ဆင်းခွင့်ရသူ (၅၅၉၈) ဦးရှိ
Dec 20,2021
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့က အနံ့ပျောက်၍ လာရောက် ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၅၇) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ပိုး​တွေ့လူနာသစ် (၃)ဦးရှိကြောင်း သိရှိရသည်။
ကော့သောင်းမြို့ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်တွင် မြန်မာ-ထိုင်း နှစ်ဘာသာဖြင့် ပန်းခင်းစီမံချက် အသိပေး မြေစိုက်ပိုစတာစိုက်ထူ
Dec 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၏ အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်း စီမံချက်ချဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်း စီမံချက် အသိပေးပိုစတာအား ထိုင်း-မြန်မာ နှစ်ဘာသာဖြင့် ရိုက်နှိပ်ဖေါ်ပြကာ ယမန်နေ့ညနေပိုင်းက မြို့၏အသွားအလာ များပြားရာ၊ ကမ်းနားလမ်း၊ နယ်စပ်ဖြတ်ကျော် စစ်ဆေးရေး ဂိတ်တွင်စိုက်ထူခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်
Dec 20,2021
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီစာအုပ်ပြပွဲ နှင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 20,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းကလည်း အမှတ်(၃)ရပ်ကွက်၊ ဓမ္မာရုံတွင် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ရပ်ကွက်နေပြည်သူများအား ပထမအကြိမ်မြောက် ကာကွယ်ဆေးကိုဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဝါးခယ်မမြို့နယ်မြို့မဈေးကြီးတွင်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စည်ပင်သာယာ‌မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား Online မှတစ်ဆင့် ဝန်ဆောင်မှုပေးလျက်ရှိ
Dec 20,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက မိဘပြည်သူများ လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူကလေး သူငယ် များအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး စာဖတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေပြီး စာဖတ်ရှိန် မြင့်မားလာစေရေးအတွက် အစဉ်အမြဲကြိုးစားဆောင်ရွက်ပြီး အများပြည်သူများအား ကွင်းဆင်း၍လည်းကောင်း Online မှတစ်ဆင့် လည်းကောင်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အနာဂတ်ကို မျှော်တွေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက နတ်သျှင်(ရွှေဂူ) ရေးသားသည့် အနာဂတ်ကို မျှော်တွေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။