သံတောင်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခုံလုတမ်းပြိုင်ပွဲပြုလုပ်

သံတောင်ကြီး ဒီဇင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်းသားများအနေဖြင့် စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန်၊ ကျန်းမာကြံ့ခိုင်စေရန်၊ အတွေး အခေါ်များရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် ခုံလုတမ်းပြိုင်ပွဲကိုယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့် တိုက် ကလေးစာ ဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးနော်လော်မူက  ကလေးသူငယ်များအနေဖြင့် လွတ်လပ်ရေးနေ့ကို သိရှိ တန်ဖိုးထားတတ်စေရန် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုကြရန်၊ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ ကျန်းမာကြံ့ခိုင်သောသူများဖြစ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာစေရန် ယခုကဲ့သို့ပြိုင်ပွဲများ ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခုံလုတမ်း ပြိုင်ပွဲ အားပြုလုပ်ပေး ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)

၀၉-၆၀၄၀၆၆၅၆၂