သတင်းများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးအတွင်း ခရီးသွား လုပ်ငန်း မြှင့်တင်ရေးနှင့် သရေခေတ္တရာမြို့ အပျော်တန်းစက်ဘီးစီးပွဲတော် ကျင်းပ ရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး
Dec 19,2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပြည်မြို့ Mingalar Garden Hotel ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည့် ပဲခူးတိုင်း ဒေသကြီး ခရီးသွား လုပ်ငန်းမြှင့်တင်ရေးနှင့် သရေခေတ္တရာမြို့အပျော်တန်း စက်ဘီးစီး ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
မအူပင်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Youth Club မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Dec 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသက် အရွယ်မရွေး စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာ​ခြင်း​ဖြင့် ဗဟုသုတအတွေးအမြင်များ ရရှိပြီး ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များရရှိလာစေရေးနှင့် စာအုပ် စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အုတ်တွင်း၌ စာရေး ဆရာကျော်ဇောနိုင်ရေးသားသည့် ‘‘ဆရာဟူသည်’’ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Dec 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့က ဦးဆောင်၍ ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှု့သည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ကျော်ဇောနိုင် ရေးသားသည့် ''ဆရာဟူ''သည် စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘီးလင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများအား နံရံကပ်စာစောင်ပြသဆောင်ရွက်
Dec 19,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများအား ယနေ့ နံနက်ပိုင်းမှစတင်၍ ပြသထားရှိရာ ပြည်သူများလာ​ရောက် ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(ပခုက္ကူ)၌ ရေချိုပိုက် လိုင်းသွယ်တန်းခြင်းလုပ်ငန်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲတက်ရောက်ပြီး တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Dec 19,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူ ခရိုင် ဦးစီးမှူး ဦးထိန်လင်းသိန်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့် ဝန်ထမ်း များနှင့်အတူ ဒီဇင်ဘာလ ၁၈ရက် မွန်းလွဲပိုင်းက နည်းပညာတက္ကသိုလ်(ပခုက္ကူ)၌ ရေချိုပိုက် လိုင်းသွယ် တန်းခြင်းလုပ်ငန်းအိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားတက်ရောက်ပြီး ကျောင်းဝန်းအတွင်း တည် ဆောက်ရေး လုပ်ငန်း များလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို လှုပ်ရှားမှုအဖြစ် ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲများပြုလုပ်
Dec 19,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ် အသိပညာပေး ဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲများကို ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
သန်လျင် လူထုအခြေပြုဗဟိုဌာနတွင် စာပေဝါသနာရှင်များ စာဖတ်ဝိုင်းပြုလုပ်
Dec 19,2021
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် (Women Club) တို့ပူးကာ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။