သတင်းများ

မိုင်းယန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသားလူငယ်များ၊ စာဖတ်ပရိတ်သတ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအား အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် စဉ်ဆက်မပြက် ရိုက်ကူးထုတ်လွှင့်ပေး လျက်ရှိကြောင်းသိရသည်။
မြိတ်မြို့တွင် ဘော်လီဘောအားကစား နည်းပြဆရာ (ဆင့်ပွား) သင်တန်းဖွင့်လှစ်
Dec 15,2021
အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေး နိုင်ရေး အတွက် မြိတ်ခရိုင်အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ဘော်လီဘောအားကစား နည်းပြဆရာ (ဆင့်ပွား) သင်တန်းကို ယနေ့နေ့လယ်ပိုင်းက ခရိုင်အားကစားခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
လပွတ္တာခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိ
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်များ စာပေဗဟုသုတ ရရှိစေရန်၊ စာဖတ်၊ စာငှါးလုပ်ငန်းများ၊ အကြားအမြင်၊ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး အစီအစဉ်များကို နေ့စဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။
သန်လျင်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် Omicron (အိုမီခရွန်) Virus ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်
Dec 15,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် Omicron (အိုမီခရွန်) Virus ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်မှုဖြင့် ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွမ်းလုံမြို့၌ ဆေးကုသဆဲ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦးသာကျန်ရှိ
Dec 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့၌ ယမန်နေ့က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများထဲမှ အမျိုသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦးတို့သည် ရောဂါသက်သာပျောက်ကင်း၍ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ၎င်းတို့နေထိုင်ရာ နေအိမ်သို့ ပြန်လည်ပို့ဆောင်ကာ Home Quarantine (၁၄)ရက် ဆက်လက်နေထိုင်ရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သဖြင့် ကွမ်းလုံမြို့၌ ဆေးကုသဆဲ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ (၁) ဦးသာ ကျန်ရှိတော့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်  ဦး တည်ချက် (၉) ရပ်တွင် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသ‌ဆောင် ရွက်ထား
Dec 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသ ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ် (၅) ရပ်နှင့်  ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားခဲ့ သည်။
ဂွမြို့နယ်တွင် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပ
Dec 15,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။