လပွတ္တာ၊ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်များ စာပေဗဟုသုတ ရရှိစေရန်၊ စာဖတ်၊ စာငှါးလုပ်ငန်းများ၊ အကြားအမြင်၊ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး အစီအစဉ်များကို နေ့စဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အစီအစဉ်တွင် ဒေါ်အိအိမွန်(ဒုဦးစီးမှူး)မှ စာရေး ဆရာစိုးဘားဒိုင် ရေးသားသော "ရေစီးကြောင်းများတဲ့ပင်လယ်" စာအုပ်မိတ်ဆက် ကဏ္ဍ၊ ဒေါ်ခင်လေးဝါ(စာထောက်-၃)မှ ပုံပြောအစီအစဉ်ကဏ္ဍတွင် "ကျွန်တော်ရဲ့ခဲတံ" အကြောင်းနှင့် ဒေါ်နှင်းဝေစိုး၊ ဒေါ်ဇာဇာလှိုင်၊ ဒေါ်နှင်းအိစိုးတို့မှ ဓမ္မလက်ဆောင်ကဏ္ဍ၊ စကားပုံများကို တူးဖော်ခြင်း အစီအစဉ်ကဏ္ဍ၊ အတွေးအမြင်ကဏ္ဍ အစီအစဉ်များနှင့် သံပြိုင်ညီညီ ကဗျာရွတ်မည့် အစီအစဉ်များအား သားငယ်၊သမီးငယ်တို့အတွက် စိတ်ဝင် စားပျော်ရွှင်ဖွယ် ဖြစ်အောင် အလှည့်ကျ ထုတ်လွှင့်ပေးလျက်ရှိသည်။
အဆိုပါ အစီအစဉ်များကို စာဖတ်ပရိတ်သတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊ သမီးငယ်လေးများအတွက် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဝန်ထမ်း များက Online မှတစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာ လေးတွေ ရွက်ကြမယ်၊ ကလေးဝတ္ထုတိုကဏ္ဍ၊ ဘာသာရေးဆုံးမစာများ၊ ကျန်းမာရေးသိမှတ်ဖွယ် ရာများ၊ စက္ကူအရုပ်ခေါက်အစီအစဉ်များကို နေ့စဉ် လပွတ္တာခရိုင် ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်ဆက်)