မြိတ်မြို့တွင် ဘော်လီဘောအားကစား နည်းပြဆရာ (ဆင့်ပွား) သင်တန်းဖွင့်လှစ်

မြိတ်  ဒီဇင်ဘာ  ၁၅

အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေး နိုင်ရေး အတွက် မြိတ်ခရိုင်အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ဘော်လီဘောအားကစား နည်းပြဆရာ (ဆင့်ပွား) သင်တန်းကို ယနေ့နေ့လယ်ပိုင်းက ခရိုင်အားကစားခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ဘော်လီဘောသမိုင်း၊ အခြေခံကစားနည်းစနစ်များ၊ လူငယ်များအား လေ့ကျင့်ပေးခြင်း၊ ကစားသမားများ၏ တစ်ဦးချင်းလိုအပ်ချက်၊ ဘော်လီဘောကစားနည်းစနစ်များ၊ ကစားသမားများ လေ့ကျင့်မှုဆိုင် ရာ၊ ကစားနည်း အခြေခံများပေါင်းစပ်ခြင်း၊ ကစားနည်းဥပဒေများ ပို့ချခြင်း၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊ သင်တန်းသား (နည်းပြ) များ အသင်းလိုက်ကစားခြင်းနှင့် ဒိုင်များအဖြစ်ဆောင်ရွက်ခြင်း စသည့် ဘာသာရပ် များကို ဒီဇင်ဘာ(၁၅)ရက်မှ (၂၄)ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားများ အဖြစ် အခြေခံပညာကျောင်းများမှ အားကစား ဆရာ/မများနှင့် ကစားသမားဟောင်းများ စုစုပေါင်း(၂၃)ဦး တက် ရောက်ခဲ့ကြသည်။

သင်တန်းကို မြိတ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုဇော်က အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး မြိတ်မြို့နယ်အားကစားမှူး ဦးထွန်းရှိန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍  ဘော်လီဘောအားကစား နည်းပြဆရာ ဦးဝင်းကြူက ဘော်လီဘော အားကစားနည်းစနစ်များနှင့် သင်တန်းသားတစ်ဦးချင်း လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပြီး သင်ခန်းစာများ စတင်ပို့ချပေး ခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )