သတင်းများ

လက်ပံတန်းမြို့နယ်ရှိ ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ် စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်း
Dec 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ် စိုက်ပျိုးထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်တို့က ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
မော်လမြိုင်၌ ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ကာကွယ်ရေး အသိပညာပေး ဆက်လက်နှိုးဆော်
Dec 15,2021
ကိုဗစ်-၁၉မျိုးဗီဇပြောင်း  အိုမီခရွန် ရောဂါပိုးကို  အခြားသောနိုင်ငံများတွင် ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေး၊ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက မြို့တွင်းရပ်ကွက်များနှင့် လူစည်ကားရာ နေရာများ၌ လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ပေးသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့၌ ခရိုင်အားကစားခန်းမသစ်အဆောက်အအုံနှင့် ခရိုင်မီးသတ်ဦးစီးမှူး ရုံးအဆောက်အဦသစ်များ ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 15,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၃ ရက်တွင် ခရိုင်အားကစားခန်းမသစ် အဆောက်အဦနှင့် ခရိုင်မီးသတ်ဦးစီးမှူးရုံး အဆောက်အဦးသစ်များကို ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 15,2021
ရှမ်းပြည်နယ်၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၂၁)စာစောင်မှ စာတည်းမှူးရေးသားသည့် “အတွေးအခေါ် ကောင်းများဖြင့် နိုင်ငံကောင်းကျိုးဖော်ဆောင်ကြမည်” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ကျောက်ဖြူမြို့တွင် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားပြုလုပ်
Dec 15,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက အစိုးရရပ်ကွက်ရှိ နဒီသောင်ယံ ဂေါက်ကလပ်ကွင်းပြင်၌ ကျင်းပပြုလုပ်သည်။
မိုင်းဖြတ်မြို့နယ်၌ ပညာရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်
Dec 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပညာရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ  ကရင်၊ မြန်မာနှစ်ဘာသာဖြင့်  ဆောင်ရွက်
Dec 15,2021
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား  အများပြည်သ သိရှိနိုင်စေရန် ယနေ့နံနက်ပိုင်းက   လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး လှည့်လည်    နှိုးဆော်မှုများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။