သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မောင်တောခရိုင်ရုံးမှ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များအား လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဖွင့်
Dec 15,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တော ခရိုင် ရုံး မှ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များ လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းကို ယနေ့ နံနက် ၉ နာရီ အချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့နယ် အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် အတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် သရက်တပင်ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Dec 15,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉နာရီခွဲက သရက်တပင်ကျေးရွာအုပ်စုတွင် ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားလှုပ်ရှားမှု ကျင်းပ
Dec 15,2021
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဥတ္တရခရိုင် ၊ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားလှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
သီပေါမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်  စာအုပ်စာစောင်ပြပွဲပြသခြင်းများဆောင်ရွက်
Dec 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်၊ စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် (၂၅) နှစ် နှင့်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 15,2021
ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ်၊ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက် (၂၅)နှစ်နှင့်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပရာ စစ်ကြောင်းမှူး ဦးဆောင်ကာ ပြိုင်ပွဲဝင်အားကစားအသင်း(၂၆)သင်းနှင့် အုပ်ချုပ်သူများ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အလေးပြုခံစင်မြင့်တွင် အားကစားသမားများ၏ အလေးပြုခြင်းကိုခံယူ၍ အဖွင့်မိန့်ခွန်း ပြောကြားရာ တွင် “ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်များကတော့ ကိုဗစ်-၁၉ ကာလမှာ ရပ်နားထားခဲ့ရတဲ့ အားကစားလှုပ်ရှားမှုများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့် ပြန်လည်ပြုလုပ်လာနိုင်စေဖို့၊ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေဖို့နဲ့ မြို့နယ်တစ်ခုနဲ့တစ်ခု အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုရကာ ပူးပေါင်းဆောင်ရွက်လာနိုင်ကြမှာဖြစ်ကြောင်း ပြောကြား”ခဲ့ပါ သည်။
မိုးနဲမြို့၌ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများနိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
Dec 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မိုးနဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်နှင့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ဒီဇင်ဘာလ ၁၅ ရက် နေ့ နံနက် ၈ နာရီအချိန်က လွိုင်မြေရပ်ကွက် ၊အုဌ်ဖိုကျောင်း ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ ဖူဆယ်ဘောလုံးအားကစားပြိုင် ပွဲဗိုလ်လုပွဲနှင့် ဆုချီး​မြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
Dec 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ အားကစားဖွံ့​ ဖြိုးတိုးတက်​​ရေး(TSDP)အရ ပြုလုပ်သောအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း ဖူဆယ်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး​မြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။