လပွတ္တာ ဒီဇင်ဘာ ၁၅
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက် လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး အသိပညာပေးလုပ်ငန်းများနှင့် ဒီဇင်ဘာလအတွင်း ၅၀% ပြည့်မီနိုင်အောင် ထိုးနှံနိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်နိုင်ရေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က လပွတ္တာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွှန့်က ဒီဇင်ဘာလအတွင်း ဆေးထိုးနှံမှု ၅၀% ပြည့်မီရေး၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ကျေးရွာများအရောက် ကွင်းဆင်းပြီး စုရပ်များ တွင်ဆေးထိုးနှံရေး၊ ဆေးထိုးရန်အတွက် ကျေးရွာအုပ်စုများအား နေ့ရက်အလိုက် အချိန်ဇယားရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန်၊ ဆေးထိုးမည့်နေ့ရက်အစီအစဉ်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်ရန် ဆွေးနွေးပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များတက်ရောက်ခဲ့ကြပြီး တက်ရောက် လာသူများက အသီးသီး ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးချက်များကို ခရိုင်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှို်ငး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင် (ပြန်/ဆက်)