မိုင်းယန်း ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသားလူငယ်များ၊ စာဖတ်ပရိတ်သတ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအား အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် စဉ်ဆက်မပြက် ရိုက်ကူးထုတ်လွှင့်ပေး လျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အသိပညာပေး လုပ်ငန်းများဖြစ်သည့် ပုံပြင်ပြောခြင်း၊ ကဗျာ ရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ အရုပ်ခေါက်ပြခြင်း အစီအစဉ်များ၊ ပြည်သူများအား အသိပညာပေး Talk Show အစီအစဉ်များအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေး ပန်ကြားချက်များကိုလည်း ဒေသခံတိုင်းရင်းသား ပြည်သူများ သိရှိလိုက်နာစေရန်အတွက် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး