သတင်းများ

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် (omicron) ရောဂါပိုး သတိပြုကာကွယ်ရေး အသိပေးနှိုးဆော်
Dec 15,2021
ပျော်ဘွယ်မြို့နယ်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတို့သည် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် (omicron) ရောဂါပိုးအား သတိပြု ကာကွယ်နိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲက မြို့သစ်ရပ်ကွက် အတွင်း ဆောင်ရွက်ခဲ့ကြသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ဂိမ်း(သံပုံးရိုက်)ပြိုင်ပွဲကျင်းပ
Dec 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ဒီဇင်ဘာ  ၁၃ ရက်နေ့ ညနေ ၂ နာရီခွဲ အချိန်တွင်ဂိမ်း (သံပုံးရိုက်) ပြိုင်ပွဲအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
မာန်အောင်မြို့နယ်၌(၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပ
Dec 15,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၁-ခုနှစ်(၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ရုံးရှေ့၌ ယနေ့နံနက်၇နာရီခွဲကကျင်းပရာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ(၅၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။
ကျိုက်ဒုံမြို့၌ ​ပိုးကရင်ဘာသာ၊မြန်မာဘာသာ ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများ  ဆောင်ရွက်
Dec 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ယနေ့နံနက်၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ဘုတ်ပြင်းမြို့၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Dec 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီက  ဘုတ်ပြင်းမြို့နယ်မီးသတ်စခန်းမှ  တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်၊ ဒု-လဝကမှူး ဒေါ်မြတ်မြတ်သွယ်နှင့် ဒုလဝကမှူး ဒေါ်အေးအေးစိုး ဦးဆောင်သည့် ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်နှင့် ဧကရာဇ်ရပ်ကွက် တို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်များကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ပြည်သူများသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး နှိုးဆော်
Dec 15,2021
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးနှင့် ပြည်သူများသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး တိုက်တွန်းနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။