ကျိုက်ဒုံမြို့၌ ​ပိုးကရင်ဘာသာ၊မြန်မာဘာသာ ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများ  ဆောင်ရွက်

ကျိုက်ဒုံ ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ယနေ့နံနက်၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ် များတွင်သာနေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းကို စနစ် တကျ တပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအားလက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ် ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ အရာဝတ္တုများကိုင်တွယ်ပြီးတိုင်း မိမိတို့၏ လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)