ပျော်ဘွယ် ဒီဇင်ဘာ ၁၅
ပျော်ဘွယ်မြို့နယ်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတို့သည် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် (omicron) ရောဂါပိုးအား သတိပြု ကာကွယ်နိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲက မြို့သစ်ရပ်ကွက် အတွင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ကြ ရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ကာရံသွားရန်၊ မိမိတို့ နေအိမ် ပြတင်းပေါက်များအား လေဝင်ထွက် မှုကောင်းမွန်ရေး ဖွင့်ထားကြရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ ဆေးကြောသွားရန်၊ လူစုလူဝေးအား ရှောင်ရှာခြင်းဖြင့် မိမိတို့နေအိမ်တွင် တတ်နိုင်သမျှ နေထိုင်ကြရန်၊ ရောဂါလက္ခဏာ ခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ဖြတ်တောက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များအတိုင်း လိုက်နာနေထိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်ထိုးနှံနိုင်ရေးတို့အား အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး (ပျော်ဘွယ်)