ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ဂိမ်း(သံပုံးရိုက်)ပြိုင်ပွဲကျင်းပ

ပြည်ကြီးမဏ္ဍိုင်    ဒီဇင်ဘာ  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ဒီဇင်ဘာ  ၁၃ ရက်နေ့ ညနေ ၂ နာရီခွဲ အချိန်တွင်ဂိမ်း (သံပုံးရိုက်) ပြိုင်ပွဲအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရခြင်းမှာ  ကျောင်းသား/ကျောင်းသူ ကလေးငယ်များ စာကြည့်တိုက်သို့လာရောက်ပြီး စာပေဖတ်ရှုလေ့လာသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကိုယ်လက်လှုပ်ရှားမှုနှင့် အသိ ပညာ ဗဟုသုတများ တိုးပွါးလာစေရန်ရည်ရွယ်၍  ဂိမ်း(သံပုံး ရိုက်) ပြိုင်ပွဲအား  ကျင်းပရခြင်းဖြစ် ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းကရှင်းလင်း ပြောကြားပါသည်။

အဆိုပါ  ဂိမ်း(သံပုံး ရိုက်)ပြိုင်ပွဲသို့ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီး မဏ္ဍိုင်) မှအလယ်တန်းအဆင့် ကျောင်းသား/ကျောင်သူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)