သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် လှောင်ကြက်သွန်နီဈေးနှုန်း တစ်ပိသာ ၅၀၀ ကျပ်ထိ ဈေးတက်လာ
Dec 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက် တောင်သူများ စိုက်ပျိုးသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ စိုက်ပျိုး တောင်သူများ ကြက်သွန်တစ်ပိသာ ၅၀၀ ကျပ်ထိ ဈေးနှုန်းပြန်လည်မြင့် တက်လာကြောင်း မုန့်ကုန်းကျေးရွာ၊ ကြက်သွန်နီပွဲစား ဦးမင်းညိုထံက သိရသည်။
ခမောက်ကြီးမြို့တွင် တိလောကာရုံပရိယတ္တိစာသင်တိုက် အတက်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိ
Dec 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊အမှတ်(၁)ရပ်ကွက်ရှိ ပရိယတ္တိ စာသင်တိုက်ဖြစ်သော တိလောကာရုံ စာသင်တိုက်အတက်လမ်းနှင့် တိလောကာ သရဖူလျောင်းတော်မူဘုရားကြီးအတက်လမ်းအား နယ်စပ်ရေးရာဝန်ကြီး ဌာန၊နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂(၆လ) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် (၀/၅.၄၅၇)မိုင် (အပြီးသတ်) ကွန်ကရစ်လမ်းခင်းခြင်းနှင့် ထို လမ်းပေါ်တွင် (၅)ပေ Box Culvert(၁)စင်း တည်ဆောက်ခြင်း လုပ်ငန်းများအကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
တိုက်ကြီးမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ
Dec 15,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေးအတွက် မြို့နယ်အတွင်းရှိ အသက် ၄၀ နှစ်အထက် ပြည်သူများနှင့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအ​ကြိမ် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနတို့မှ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်းကို ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာ၊ ကျေးရွာဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပန်းတနော်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းခြင်း ဆောင်ရွက်
Dec 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့ရာသီ ရောက်ရှိလာသဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အခြေခံလူတန်းစားလက်လုပ်လက်စားများသို့ တန်ဖိုးနည်း ထမင်းရောင်းချ
Dec 15,2021
ရပ်ကွက်ပြည်သူမိသားစုများနှင့် အခြေခံလူတန်းစားလက်လုပ်လက်စားများ အဆင်ပြေစေရေး၊ ကော့သောင်းမြို့ခံစေတနာရှင်တစ်ဦးမှ တန်ဖိုးနည်းထမင်းနှင့်ဟင်းလျာအား ယနေ့ နံနက် ၁၀ နာရီက ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၊ ပဲ့ချိန်လှေကူးတို့ဆိပ်တွင် ရောင်းချ ပေးခဲ့ကြကြောင်းသိရသည်။
မင်းလှမြို့၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်
Dec 15,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေနှိုးဆော် ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက အမှတ်(၅)ရပ်ကွက်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။
ဘုရားသုံးဆူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန်(omicron ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်
Dec 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်(omicron) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ (၄)နာရီအချိန်က  မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။