မြဝတီမြို့၌ ပြည်သူများသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး နှိုးဆော်

မြဝတီ   ဒီဇင်ဘာ   ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးနှင့် ပြည်သူများသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး တိုက်တွန်းနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့်ရောဂါ ကြိုတင်ကာကွယ်ရေး   မိဘပြည်သူ များ အပြင် ထွက်သွားလာတိုင်း  နှာခေါင်းစည်း  (Mask) ကို တပ်ဆင်ပါ၊    လက်ကိုမကြာခဏ ဆပ်ပြာနှင့်စ က္ကန့် (၂၀) ကြာအောင်   စနစ်တကျ ဆေးကြောပေးပါ၊     ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမထိုးနှံရသေး သူများ ကာကွယ်ဆေးထိုးနှံထားကြပါရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါနှင့် ပတ်သက်သည့် အချက်အလက်များနှင့် ကျန်းမာရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက်များအတိုင်း လိုက်နာ နေထိုင်ကြရန်တို့ကို အသိပေးနှိုးဆော်သည်။

အဆိုပါ ဆောင်ရွက်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဆက်လက်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)