မာန်အောင်မြို့နယ်၌(၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပ

မာန်အောင် ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၁-ခုနှစ်(၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ရုံးရှေ့၌ ယနေ့နံနက်၇နာရီခွဲကကျင်းပရာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ(၅၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့်( ၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးရွှေလှအောင်မှဖတ်ကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြို့နယ်အားကစားခန်းမ၌ ရခိုင်ပြည်နယ်နေ့အထိမ်း အမှတ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတက်ရောက်ပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ရာ ပထမရရှိသော မာန်အောင်ကလပ်အသင်း(၂)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေလှကလည်းကောင်း၊ ဒုတိယဆုရရှိသော မာန်အောင် ကလပ်အသင်း()အား မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဝင်(၁)ဗိုလ်မှူးသူရိန်စိုးကလည်းကောင်း ဆုများအသီးသီးချီးမြှင့် ခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)