ဘုတ်ပြင်းမြို့၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ဘုတ်ပြင်း  ဒီဇင်ဘာ  ၁၅
 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီက  ဘုတ်ပြင်းမြို့နယ်မီးသတ်စခန်းမှ  တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူ များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံ ရေးအတွက် မီးသတ်ဦးစီးဌာနမှချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ထား ရှိရန်၊ မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာရုံး အဆောက်အဦများ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ထားရှိအပ်သော ရှေးဦးမီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ‌ရေအိတ်၊ မီးသတ်ဆေး ဘူးများအား အသင့်တပ်ဆင်ထားရှိကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန် ဆုံးဆက်သွယ်အကြောင်းကြားကြရန် စသည့် ပြည်သူများ သိရှိလိုက်နာရမည့်စည်းကမ်းချက်များ အား မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့်လှည့်လည်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
‌ ဖြူဖြူသိန်း(ပြန်/ဆက်)