ထန်းတပင်မြို့မစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်
Dec 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြို့မဈေးရှိ ဈေးသူဈေးသားများ မီးဘေးကြိုတင် ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ မီးဘေးကြိုတင် ကာကွယ်ရေး ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။