ကျုံပျော် ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ (၈) သောင်းကျော်ရှိပြီး၊ ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများလည်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိကာကွယ်ဆေးထိုးနှံပြီးသူများမှာ အခြေခံပညာ ကျောင်းပေါင်း(၇၀)မှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ (၇၀၁၆) ဦး၊ ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူ(၇၅၈၂၆)ဦး၊ စုစုပေါင်း (၈၂၈၄၂)ဦးဖြစ်ပြီး၊ သတ်မှတ်ရက် များအလိုက် ဆေးထိုးနှံပေးနေမှုကိုလည်း အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသံချဲ့စက်များဖြင့် လှုံဆော်ကြေငြာခြင်း များဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျုံပျော်တွင် မြို့မတိုက်နယ်အတွက် ပြည်သူ့အားကစားခန်းမအတွင်း၌ ထိုးနှံပေးလျက်ရှိပြီး၊ အခြားတိုက်နယ် (၄)ခုရှိ ဆေးထိုးစုရပ်များ၌လည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း၊ ဆေးထိုးလာရောက်သူများ အဆင်ပြေစေရေးအတွက် ဆေးထိုးကြီးကြပ် အဖွဲ့များနှင့် ပရဟိတအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)