သတင်းများ

ဖြူးမြို့နယ်တွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ပြည်သူက ချစ်ခင်လေးစားရသော ဆောင်းပါးအား စာဖတ်ဝိုင်း ပြုလုပ်
Dec 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်း များအနေဖြင့် စာဖတ်သည့် အလေ့အထများ စဉ်ဆက်မပြတ် အမြဲတမ်းဖတ်မှတ် လေ့လာနိုင်စေရန်အတွက် ရည်ရွယ်ပြီး ဒို့ကျေးရွာဂျာနယ် အတွဲ-၁၈၊ အမှတ်-၂၀၊၂၀၂၁ခုနှစ်၊ အောက်တိုဘာလ(၁၅) ရက်နေ့ထုတ် ဂျာနယ်ပါ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ပြည်သူက ချစ်ခင်လေးစားရသော ဆောင်းပါးအား ယနေ့နံနက် (၁၁)နာရီအချိန် က ဦးစီးဌာန Community Centreခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (Omicron)ရောဂါပိုး သတိပြုကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉  ရောဂါ  မျိုးဗီဇပြောင်း (Omicron) ရောဂါပိုးအကြောင်း ပြည်သူများသတိပြုသိရှိလိုက်နာစေရန်အတွက် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့်  ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့တွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း (၁/၂၀၂၁)ဖွင့်လှစ်
Dec 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၁)ကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချကြောင်း သိရှိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် နှိုးဆော်
Dec 13,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   
ဝေးလံခေါင်ဖျား ကဒူးကြီးဒေသသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Dec 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှဝန်ထမ်းများက ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ပြီး ဝေးလံခေါင် ဖျား ကဒူကြီးကျေးရွာအုပ်စုအတွင်းရှိကျေးရွာများဖြစ်သော ဒုံပုံးကျေးရွာ ၊ နမ့်ပါတက်ကျေးရွာ ၊ နောင်ခိုက်ကျေးရွာ ၊ နားဟီးကျေးရွာ ၊ ရှမ်း(မောက်မယ်)/ကယား(ရှားတော)နယ်စပ် နောင်လောင်းကျေးရွာနှင့် ဒေါတခေါကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်
Dec 13,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက အမှတ်(၄)ရပ်ကွက်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး
Dec 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး ခေတ္တမြို့နယ် မှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်၊ လဝကမှူး ဒေါ်တင်မာလွင်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ကထီဖာကျေးရွာအုပ်စု မာလကာကုန်းကျေးရွာ မင်္ဂလာခန်းမတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ခရမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 13,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား အရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈) နာရီအချိန်က စတင်၍ ခရမ်းမြို့နယ်၊ ကမာမတ်စံပြကျေးရွာတွင် ခရမ်းမြို့နယ် မြို့နယ် ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။