သတင်းများ

ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ဆုရစာရေးဆရာများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ
Dec 13,2021
‌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပဲခူးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၀၉:၀၀) နာရီအချိန်တွင် ပဲခူးမြို့နယ် စာရေးဆရာအသင်းက စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ဆုရစာရေးဆရာများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၁ - ခုနှစ် ၊  ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Dec 13,2021
၂၀၂၁ ခုနှစ် ၊  ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ခရိုင်တွင်း ( ၅) မြို့နယ်  အသက်( ၂၅ ) နှစ်အောက်  အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို  ယနေ့ ညနေ ( ၃  ) နာရီက  ပြင်ဦးလွင်ခရိုင်အားကစားကွင်းအတွင်း၌  ကျင်းပပြုလုပ်ရာ   ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲများ၊  ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊   ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံး ဝါသနာရှင်များတက်ရောက်အားပေးကြသည် ။
အခြေခံယာဉ်မောင်းသင်တန်းဖွင့်ပွဲ 
Dec 13,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး အခြေခံယာဉ်မောင်းသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ အခြေခံယာဉ်မောင်းသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက် ၉နာရီက ဖွင့်လှစ်ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲဗိုင်းရပ်စ်များထက် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇ ပြောင်းလဲရောဂါ ကူးစက်မှု လျော့နည်းစေရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်
Dec 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝေါမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ လူစည်ကားသည့် လမ်းဆုံလမ်းခွနေရာများတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၂) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၅၅၅၉) ဦးရှိ
Dec 13,2021
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၆၇) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ ပိုး​တေွ့လူနာ (၂)ဦး တေွ့ရှိပါသဖြင့် ၎င်းပိုးတွေ့ လူနာသစ် (၂)ဦးအား လွိုင်ကော်​ဆေးရုံ​ကြီးတွင်ထားရှိ ကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ပန်း​တောင်းမြို့တွင် အိုမီခရွန်ဗီဇ​ပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Dec 13,2021
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် အိုမီခရွန် ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက ​မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ​ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် ငါးသယံဇာတတိုးပျိုးရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်
Dec 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြည်သူများနေ့စဉ်စားသုံးကြသည့် ငါးမျိုးမပြုန်းတီးစေရန်နှင့် ငါးသယံဇာတ တိုးပျိုးစေရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးစန်းဝင်း၏ စီစဉ်မှုနှင့် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် (၈) နာရီက ဆောင်ရွက်သည်။
မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ပေါ်ရပ်တော်မူဘုရား သွားလမ်းကွန်ကရစ် ခင်းကျင်းနိုင်ရေးအတွက် အလှူတော်ငွေ(၁၅၈၈)သိန်းပေးအပ်လှူဒါန်း
Dec 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ လွယ်တိန်ခမ်းတောင်ပေါ်တွင် တည်ထား ကိုးကွယ်ထားသော ရပ်တော်မူဘုရားသို့ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ လွယ်ကူစွာ သွားလာ ဖူးမျှော်နိုင်ရန် ကွန်ကရစ်လမ်းခင်းကျင်းနိုင်ရေးအတွက် အလှူရှင်များမှ စုပေါင်း၍ အလှူတော်ငွေများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက လွယ်တိန်ခမ်းကျောင်းတိုက်၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။