သတင်းများ

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်
Jan 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စာပေဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းကို ဆောင်ရွက်ပေး လျက်ရှိရာ အောင်အေး(ရန်ကုန်တက္ကသိုလ်)ရေးသားထားသော စကားပြော အတတ်ပညာ  စာအုပ်အား စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျောက်တံတားမြို့နယ်တွင် အသက်(၁၈)နှစ် အထက်နှင့် (၄၀)နှစ်အထိ ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျထိုးနှံပေး လျက်ရှိ ရာ ယမန်နေ့က အသက်(၁၈)နှစ်အထက်နှင့် (၄၀)နှစ်အထိ ရှိသူများအား ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့် အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့)တွင် နံနက် ၉ နာရီခွဲ အချိန်မှ ၁ နာရီခွဲအချိန်အထိ Sinopharm First    Dose (၃)ဦး၊ Sinopharm Second Dose(၂)ဦး၊ Sinovac (2Dose) Second Dose (၁၅၆)ဦး၊ Covishield First Dose (၁၈၇) စုစုပေါင်း(၃၄၈)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
(၇၅ )နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​​နေ့ အထိမ်းအမှတ် အကြိုပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Jan 21,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ရုံး၌ ယ​မန်နေ့​ နေ့လယ် (၁)နာရီအချိန်က (၇၅)နှစ်​မြောက်၊ စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ်အကြို ပုံ​​ပြောပြိုင်ပွဲ၊​ စာအုပ်၊ စာ​​စောင်ပြပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ကျိုက်လတ်မြို့ Community Centre ခန်းမ၌ လူငယ်များ၏‌ရွှေရောင်မနက်ဖြန် ခေါင်းစဉ်ဖြင့်  စာဖတ်ဝိုင်းကျင်းပ
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ Community Centreခန်းမ ၌ စာပေချစ်မြတ်နိုးသူများအသင်း  Book Club   အဖွဲ့နှင့်  ပူးပေါင်း၍    လူငယ်များ၏ရွှေရောင် မနက်ဖြန် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်  ၁၀  နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့နယ် အမှတ်(၃)ရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက် /ကျေးရွာများ အရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၆၅ ရာခိုင်နှုန်း ထိုးနှံပြီးစီး
Jan 21,2022
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ပြီး Covid Shield မှ Sinopharm Phase-6 ပထမအကြိမ် ထိုးနှံခြင်းများအထိ ထိုးနှံဆောင်ရွက် ပေးလျက်ရှိရာ ၆၅ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း  မြို့နယ် ကိုဗစ်ကော်မတီထံမှ သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ကျောင်းသား/သူ အိပ်ဆောင်နှင့်ထမင်းစားဆောင် ဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနားတက်ရောက်
Jan 21,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်၈နာရီ အချိန်က မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ နည်းပညာ တက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား/သူ အိပ်ဆောင်(၂)ထပ်နှင့် ထမင်းစားဆောင် ဆောက်လုပ်ခြင်း အတွက် ပန္နက်တင် အခမ်းအနားသို့ တက်ရောက်သည်။
စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကာကွယ်ရေးနည်းလမ်းများအား လိုက်လံအသိပေးနှိုးဆော်
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ  Omicron (အိုမီခရွန်)ရောဂါ  ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်   ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ မြို့မရပ်ကွက်တွင် ယနေ့နံနက်(၁၀)နာရီက  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေ ဦးစီးဌာန ဝန်ထမ်းများက Hand Spaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။