လသာ ဇန်နဝါရီ ၂၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၌ ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ ဖြတ်ထိုးဉာဏ်ဖြင့် စဉ်းစားတတ်သည့် အလေ့အထ ရရှိစေရန် ဉာဏ်ရည်ထက်မြက်စေရန်၊ စာကြည့်တိုက်၌ စာဖတ်သည့် အလေ့ အထရရှိစေရန်နှင့် ပြည်ထောင်စုနေ့ကို အမှတ်တရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအား ဆုအသီးသီး ချီးမြှင့်ခဲ့ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများသည် နံရံကပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)