သတင်းများ

အိမ်မဲမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Dec 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်သမဝါယမဦးစီး ဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရမည်းသင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ကျောက်သပြေများ အောင်မြင်ဖြစ်ထွန်း
Dec 09,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သဲကျောင်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ထားသော ကျောက်သပြေများ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် နေကြာသီးနှံ သီးညှပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နေကြာသီးနှံသီးညှပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံက်ပိုင်းက သရက်လိန် အုပ်စု၊ သရက်လိန်ကျေးရွာတွင် ပြုလုပ် ခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်တွင် နည်းပြ၊ သရုပ်ပြသစ်လွင်များနှင့် အခြေခံပညာ ဆရာ၊ ဆရာမ သစ်လွင်များအား မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
Dec 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း ပညာရေးဒီဂရီကော်လိပ်တွင် နည်းပြ၊ သရုပ်ပြ သစ်လွင်များနှင့် အခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်များအား မွမ်းမံသင်တန်းဆင်းပွဲ အခမ်း အနားကို ယမန်နေ့ ညနေ (၂) နာရီအချိန်က ပညာနေခြည်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 09,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန ၌ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်သင်ကြား
Dec 09,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီက အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း သိရသည်။
အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာတွင် ၂၀၂၁ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း
Dec 09,2021
အမရပူရမြို့နယ် ၂၀၂၁ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို တမုတ်ဆိုးကျေးရွာ အဆင့်မြင့် လယ်ယာမြေ ဧက (၁၅၀)၊ ကွင်းအမှတ်(၅၇၀-ခ)၊ ဦးပိုင်အမှတ်(၅၈) တောင်သူ ဦးကြိုးကြာ ပိုင်ဆိုင်သော မိုးစပါးစိုက်ကွင်းတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်။
ဘားအံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် အချက်များနှင့် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ရောဂါအကြောင်း အသိပညာပေးနှိုးဆော်
Dec 09,2021
 ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်၁၉ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်  နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိ ကြောင်းသိရသည်။