ကျောက်တံတား ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျထိုးနှံပေး လျက်ရှိ ရာ ယမန်နေ့က အသက်(၁၈)နှစ်အထက်နှင့် (၄၀)နှစ်အထိ ရှိသူများအား ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့် အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့)တွင် နံနက် ၉ နာရီခွဲ အချိန်မှ ၁ နာရီခွဲအချိန်အထိ Sinopharm First Dose (၃)ဦး၊ Sinopharm Second Dose(၂)ဦး၊ Sinovac (2Dose) Second Dose (၁၅၆)ဦး၊ Covishield First Dose (၁၈၇) စုစုပေါင်း(၃၄၈)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
စိုးယုလှိုင်(ကျောက်တံတား)