လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်

လှိုင်းဘွဲ    ဇန်နဝါရီ   ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စာပေဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းကို ဆောင်ရွက်ပေးလျက်ရှိရာ အောင်အေး(ရန်ကုန်တက္ကသိုလ်)ရေးသားထားသော စကားပြော အတတ်ပညာ  စာအုပ်အား စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဦးသန်းထွန်းက အောင်မြင်မှု မုခ်တံခါးကို နှုတ်ဓါးဖြင့်ဖွင့်လိုသူတိုင်းအတွက် စကားပြောအတတ်ပညာဟာ အရေးကြီးကြောင်း၊ စာအုပ်ရေးသားရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာ သော Book Club အဖွဲ့ဝင် များက လူ့ပတ်ဝန်းကျင်တွင် လူမှုရေး၊ စီးပွားရေး လူမှုလောကအသီးသီးတွင် အောင်မြင်နေကြသူများမှာ စကားပြောခြင်းအတတ်ပညာကို ကျွမ်းကျင်စွာ သုံးနှုန်းကြကြောင်း၊ စကား ပြောခြင်းသည် လူ့ပတ်ဝန်းကျင်တွင် ဆက်ဆံပြောဆိုနေသူများအတွက် ဆောင်ရန်/ရှောင်ရန်များကို သတိ ထားသုံးသင့်ကြောင်း၊ စကားပြောခြင်း အတတ်ပညာသည် မွေးဖွားသည်မှ သေဆုံးသည်အထိ ဘဝသက် တမ်းတစ်လျှောက်လုံးတွင် နေရာစုံ၊ ကဏ္ဍာစုံ၊ အကြောင်းအရာစုံ၌ စကားပြောခြင်းကို ကျွမ်းကျင်လိမ္မာစွာ အသုံးချရမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများ ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)