နမ့်ခမ်း ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာများကို ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်တွင် ပင်စင်လစာခံစားရရှိသူ (၅၀၀) ဦးကျော်ရှိပြီး လစဉ်တွင် ပျမ်းမျှ (၂၀၀) ဦးခန့်က ပင်စင်လစာများကို ကိုယ်တိုင် လာရောက်ထုတ်ယူလျက်ရှိရာ ပင်စင်လစာ ခံစားရရှိသူ တစ်ချို့မှာ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်ဖြင့် လာရောက်ထုတ်ယူကြသည်။ ပင်စင်လစာ ခံစားရရှိသူများသည် အသက်အရွယ်ကြီးရင့်သူများ ဖြစ်ကြသဖြင့် မြန်မာ့ စီးပွားရေးဘဏ်မှ ပင်စင်လစာများ ထုတ်ပေးရာတွင် ပိုမိုလွယ်ကူလျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ပင်စင်လစာ ခံစားရရှိသူများအား " E ပင်စင်ကတ်" ဆောင်ရွက်ပေးကာ ၎င်းကဒ်ဖြင့် ပင်စင်လစာများ ထုတ်ပေးခြင်း ဆောင်ရွက် ကြောင်း သိရှိရသည်။
နမ့်ခမ်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်လစာခံစားရရှိသူများအား ပင်စင်လစာများကို လစဉ် (၂၁) ရက်နေ့မှ (၂၉) ရက်နေ့အထိ ရုံးဖွင့်ရက်များ ရုံးဖွင့်ချိန်တွင်စိစစ်ပြီး ပုံမှန်ထုတ်ပေးလျှက်ရှိရာ ပင်စင်လစာ ခံစားရရှိသူများက လာရောက် ထုတ်ယူလျက်ရှိကြောင်း သိရှိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)