မိုင်းယောင်းမြို့တွင် ပင်စင်စား မိဘပြည်သူများအား ပင်စင်လစာငွေများထုတ်ပေး

မိုင်းယောင်း ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်စား မိဘပြည်သူများအား ပင်စင်လစာငွေများကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်စားမိဘပြည်သူများက သတ်မှတ် ထားသည့် ကာကွယ်ရေးစည်းကမ်းချက်များအတိုင်း စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် တစ်မြို့နယ်လုံး ပင်စင်အငြိမ်းစားသူ (၃၅၄) ဦးရှိပြီး ပင်စင်စား မိဘပြည်သူများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေး သွားမည်ဖြစ်ကြောင်းနှင့် ပင်စင် လစာငွေများ ထုတ်ပေးရာတွင် လစဉ်လတိုင်း(၂၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ ထုတ်ပေး လျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

နန်းပန်(ပြန်/ဆက်)