မိုင်းလုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

မိုင်းလုံ ဇန်နဝါရီ  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ တို့ ပူးပေါင်းစီစဉ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း (၁၁း၀၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centr)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မိုင်းလုံမြို့ နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးမျိုးဇော်ထက်က ပြည်သူများ အနေဖြင့် နွေရာသီသို့ ကူးပြောင်းစပြုလာပြီဖြစ်၍ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံးနှင့် မီးသတ် ဆေးဘူးများ ထားရှိနိုင်ရေး၊ မီးငြှိမ်းသတ်ရေးနည်းလမ်းများ၊ မီးကိုအသုံးပြုပါက မီးကြွင်းမီးကျန်များ မထားရှိစေရေး၊ မီးနှင့်အန္တရာယ် ဖြစ်စေနိုင်သည့်အရာများ အနီးကပ်မထားရှိစေရေး၊ ဖယောင်းတိုင်မီး၊ မီးဖိုမီးများကိုလည်း စနစ်တကျ ငြှိမ်းသတ်ပြီးမှ သွားလာနိုင်ရေး၊ မီးလောင်ကျွမ်းခဲ့ပါက အချိန်မီ မီးသတ်ဦးစီးဌာနသို့  အလျင်အမြန် အကြောင်းကြား စေရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့သည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်းသည် ခြောက်သွေ့ရာသီ ကူးပြောင်းလာတော့မည် ဖြစ်သည့်အတွက် ပြည်သူများကို မီးဘေးအန္တရာယ် မဖြစ်အောင် ကြိုတင်သတိပေးသည့် အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)